About MCB

မြန်မာနိုင်ငံသားများဘဏ် စတင်ဖွဲ့စည်းခြင်း


မြန်မာနိုင်ငံသားများဘဏ်ကို (၁၉၅၀) ပြည့်နှစ်၊ မြန်မာနိုင်ငံအထူးကုမ္ပဏီများ အက်ဥပဒေအရ (၁၉၉၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၀၂ - ၀၆ - ၁၉၉၂ ရက်နေ့မှစ၍ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြောက်ဥက္ကလာပဘဏ်ခွဲ၊ လသာဘဏ်ခွဲ၊ စစ်တွေဘဏ်ခွဲနှင့် ပြည်ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပြီး၊ မြိတ်နှင့် ပုသိမ်မြို့များတွင်လည်း ဘဏ်ခွဲများဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ယနေ့အထိ အောက်ပါအတိုင်း ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါသည် -

  ဘဏ် / ဘဏ်ခွဲ အမည် ဖွင့်လှစ်သည့်နေ့
(၁) ကျောက်တံတားဘဏ် ၀၂ - ၀၆ - ၁၉၉၂
(၂) မန္တလေးဘဏ်ခွဲ ၀၆ - ၀၆ - ၁၉၉၆
(၃) နေပြည်တော်ဘဏ် ၂၂ - ၀၁ - ၂၀၁၁
(၄) ဘုရင့်နောင်ဘဏ်ခွဲ ၁၂ - ၀၅ - ၂၀၁၁
(၅) မြင်းခြံဘဏ်ခွဲ ၁၂ - ၀၈ - ၂၀၁၁
(၆) မုံရွာဘဏ်ခွဲ ၁၄ - ၀၈ - ၂၀၁၁
(၇) မူဆယ်ဘဏ်ခွဲ ၁၅ - ၁၀ - ၂၀၁၁
(၈) ရေစကြိုဘဏ်ခွဲ ၁၄ - ၁၂ - ၂၀၁၂
(၉) တန့်ဆည်ဘဏ်ခွဲ ၂၆ - ၀၄ - ၂၀၁၃
(၁၀) မန္တလေးဘဏ်ခွဲ (၂) ၁၂ - ၀၇ - ၂၀၁၃
(၁၁) မုံရွာဘဏ်ခွဲငယ် ၂၃ - ၀၈ - ၂၀၁၃
(၁၂) ဒေါပုံဘဏ်ခွဲငယ် ၂၀ - ၁၂ - ၂၀၁၃
(၁၃) လားရှိုးဘဏ်ခွဲ ၀၁ - ၀၃ - ၂၀၁၄
(၁၄) အောင်လံဘဏ်ခွဲ ၂၀ - ၀၆ - ၂၀၁၄
(၁၅) ဘုရင့်နောင်ဘဏ်ခွဲငယ် ၂၅ - ၁၀ - ၂၀၁၄
(၁၆) ပန်းဘဲတန်းဘဏ်ခွဲငယ် ၁၇ - ၁၂ - ၂၀၁၄
(၁၇) ပုဇွန်တောင်ဘဏ်ခွဲ ၀၆ - ၁၂ - ၂၀၁၅
(၁၈) မြောက်ဥက္ကလာပဘဏ်ခွဲ ၀၁ - ၀၃ - ၂၀၁၆
(၁၉) ပြည်ဘဏ်ခွဲ ၀၁ - ၀၅ - ၂၀၁၆
(၂၀) လသာဘဏ်ခွဲ ၀၄ - ၀၆ - ၂၀၁၆
(၂၁) စစ်တွေဘဏ်ခွဲ ၀၇ - ၀၆ - ၂၀၁၆
(၂၂) ပုသိမ်ဘဏ်ခွဲ ၁၇ - ၀၁ - ၂၀၁၇
(၂၃) မန္တလေးဘဏ်ခွဲ (၃) ၀၂ - ၀၅ - ၂၀၁၇

၂၀၁၇ - ၂၀၁၈ ခုနှစ်၊ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) ဒေါက်တာ ကိုကိုကြီး (ဒါရိုက်တာ)
(၂) ဒေါ်မိုးမိုး (ဒါရိုက်တာ)
(၃) ဒေါ်အေးစန္ဒာလွင် (ဒါရိုက်တာ)
(၄) ဦးလှဦး (ဒါရိုက်တာ)
(၅) ဦးတိုးအောင်မြင့် (ဒါရိုက်တာ)
(၆) ဦးအုန်းစိုင် (ဒါရိုက်တာ)
(၇) ဦးထွန်းလွင် (ဒါရိုက်တာ)
(၈) ဒေါ်လှမော်ဦး (ဒါရိုက်တာ)
(၉) ဦးအောင်အောင် (ဒါရိုက်တာ)
(၁၀) ဦးဇေယျသူရမွန် (ဒါရိုက်တာ)
(၁၁) ဦးဇော်လင်းထွဋ် (သီးခြားလွတ်လပ်သောဒါရိုက်တာ)
(၁၂) ဦးအေးသော် (သီးခြားလွတ်လပ်သောဒါရိုက်တာ)

Authorized Dealer License

မြန်မာနိုင်ငံသားများဘဏ်သည် Authorized Dealer License ကို ရရှိထားပြီး International Banking ဝန်ဆောင်မှုများကို ပေးလျှက်ရှိပါသည်။

Money Changer Counters

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များသို့ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) များခွင့်ပြုပေးခဲ့ရာ မြန်မာနိုင်ငံသားများဘဏ်သည် Money Changer ကောင်တာများကို အောက်ပါအတိုင်း ဖွင့်လှစ်ခဲ့ပါသည် -

စဉ် ဘဏ်ခွဲအမည် ဖွင့်လှစ်သည့်နေ့
၁။ ကျောက်တံတားဘဏ်ခွဲ ၂၄ - ၁၀ - ၂၀၁၁
၂။ မူဆယ်ဘဏ်ခွဲ ၀၆ - ၁၂ - ၂၀၁၁
၃။ မန္တလေးဘဏ်ခွဲ ၁၄ - ၀၉ - ၂၀၁၂
၄။ ဒေါပုံဘဏ်ခွဲငယ် ၀၇ - ၀၅ - ၂၀၁၄

Correspondent Bank

မြန်မာနိုင်ငံသားများဘဏ် လီမိတက်သည် UOB (Singapore) ၌ USD A/C, EURO A/C, SGD A/C များကို ဖွင့်လှစ်ထားပါသည်။ United Bank of India၊ OCBC (Singapore)၊ Development Bank of Singapore၊ Krung Thai Bank (Public)နှင့် May Bank (Malaysia) တို့တွင် USD A/C ကိုလည်းကောင်း၊ Commerz Bank တွင် Euro A/C ကိုလည်းကောင်း ဖွင့်လှစ်ထားပါသည်။ RMA Relationship အား မြန်မာနိုင်ငံအပါအဝင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျာမနီ၊ ဗီယက်နမ် အစရှိသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ United Overseas Bank၊ OCBC Bank၊ May Bank၊ DBS Bank၊ United Bank of India၊ Krung thai Bank၊ Shinhan Bank၊ Commerz Bank၊ Busan Bank Korea Exchange Bank၊ Cathay United Bank နှင့် Export Import Bank (Thailand) အပါအဝင် ဘဏ်ပေါင်း (၂၈) ဘဏ်ဖြင့် RMA Relationship ထူထောင်ပြီး ဖြစ်ပါသည်။

International Remittance

နိုင်ငံတကာငွေလွှဲလုပ်ငန်းအနေဖြင့် Dubai နိုင်ငံအခြေစိုက် X’ press Money ငွေလွှဲလုပ်ငန်း၊ အင်္ဂလန်နိုင်ငံအခြေစိုက် MoneyGram International Limited (MIL) ငွေလွှဲလုပ်ငန်းနှင့် မလေးရှားနိုင်ငံအခြေစိုက် International Money Express (IME) တို့နှင့် ချိတ်ဆက်ပြီး ငွေလွှဲလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိပါသည်။

Visa, Master Card

မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် Visa, Master Acquiring ဝန်ဆောင်မှုကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး MasterCard အမျိုးအစား “Citizen Card” ကို လည်း မြန်မာနိုင်ငံသားများဘဏ်မှ ထုတ်ဝေထားပါသည်။