Jica sme ဆိုတာဘာလဲ?

JICA SME (နှစ်ဆင့် ချေးငွေ) ဆိုသည်မှာ မြန်မာနိုင်ငံ SME လုပ်ငန်းများဖွံဖြိုးတိုးတတ်စေရန် Japan International Cooperation Agency (JICA) နှင့် ပူးပေါင်း၍ချေးငွေထောက်ပံပေးသောအစီအစဉ် တစ်ခုဖြစ်ပါသည်။ SMEလုပ်ငန်း ခိုင်မာမှု၊ အာမခံပစ္စည်းလုံလောက်မှု အစရှိတဲ့ အချက်တွေ အပေါ်မူတည်ပြီး လုပ်ငန်းရှင်တိုင်းအတွက် အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ထားသော ချေးငွေ အမျိုးအစားဖြစ်ပါသည်။

အတိုးနှုန်းများ

  1. ချေးငွေအတွက် အာမခံပစ္စည်းလုံလောက်မှုရှိပါက အသက်သာဆုံးသော အတိုးနှုန်း 5.5% pa
  2. ချေးငွေအတွက် အာမခံပစ္စည်းလုံလောက်မှု မရှိပါက CGI (Credit Guarantee Insurance) ကို တွဲဖက် အသုံးပြုရပါမည်။
  3. အတိုးနှုန်း ၁၀.၅% – ၁၃% (CGI အတွက် Premium ကြေးပါဝင်ပြီးသားဖြစ်ပါသည်)

စည်းကမ်းချက်များ

  1. JICA ချေးငွေလျှောက်ထားရန် အဓိက စံနှုန်းမှာ ပုံသေပိုင်ပစ္စည်းတွင် ချေးငွေစုစုပေါင်းပမာဏ၏ ၈၀% ကို အသုံးပြုရမှာဖြစ်ပြီး လုပ်ငန်း လည်ပတ်ငွေကို အများဆုံး ချေးငွေ ပမာဏ၏ ၂၀% သာ အသုံးပြုရမည်ဖြစ်ပါသည်။
  2. လုပ်ငန်းဆောင်ရွက်နေသည့်သက်တမ်း အနည်းဆုံး (၂) နှစ် ရှိရပါမည်။

လျှောက်ထားရန်လိုအပ်သော အချက်များ

  1. လုပ်ငန်းလိုင်စင် / စည်ပင်လိုင်စင် (သက်တမ်းရှိ)

ကုမ္ပဏီဖြစ်ပါက

  1. ကုမ္ပဏီလိုင်စင် (သက်တမ်းရှိ) /သင်းဖွဲ့စည်းမျဉ်း ၊ သင်းဖွဲ့မှတ်တမ်း / Form -6 /Form – 26 / Form – E / အစည်းအဝေးဆုံးဖြတ်ချက် / ထုတ်ကုန်သွင်းကုန်လိုင်စင်
  2. အမြတ်ခွန် / ဝင်ငွေခွန် / စည်ပင်ခွန် (၃ – နှစ်စာတင်ပြရပါမည်)
  3. အရှုံးအမြတ်ရှင်းတမ်း (၃ – နှစ်စာတင်ပြရပါမည်) (Profit or Loss / Balance Sheet)
  4. အာမခံပစ္စည်း၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ
  5. သန်းခေါင်စာရင်း ၊ နိုင်ငံသားစိစစ်ရေးကဒ် (မိတ္တူ)
  6. လုပ်ငန်းဓါတ်ပုံ / အာမခံပစ္စည်းဓါတ်ပုံ / ချေးငွေလျှောက်ထားသူ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ
  7. ချေးငွေနှင့်ပတ်သက်၍ အသုံးပြုမည့် လုပ်ငန်း၏ Project Plan (ဥပမာ- စက်ပစ္စည်းဝယ်ရန် / အဆောက်အဦဆောက်လုပ်ရန်) / ကုန်ကျမည့်ငွေပမာဏ နှင့် ပြီးစီးမည့်အချိန်ကာလ ) တင်ပြပေးရပါမည်။
  8. လုပ်ငန်းအမျိုးအစားနှင့်သက်ဆိုင်သည့်လုပ်ငန်းဌာနများမှ လုပ်ငန်းနှင့်ပတ်သက်၍ အန္တရာယ်ကင်းရှင်းကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်း ထောက်ခံစာ

HAPPY CALLING

We’ll be more than happy to answer any concern you may have.

HAPPY CALLING

We’ll be more than happy to answer any concern you may have.

အမေးများသောမေးခွန်းများ

Suitable for businesses that are at least 2 years old who are aiming to invest in Capital Investment such as building factory, upgrading machines, buying new machines, etc.
Flexible payment tenure of up to 5 years
5.5%pa interest
Borrow up to 500 Million MMK.

SME Business Center
NO.(G1-G5) (S1-S7) Jo Phyu Road, Aung San Station, Pha Sa Pa La Quarter, Mingalar Taung Nyunt Township, Yangon.
Ph 01 245934,01 255753
Email smedept@mcb.com.mm