19 Aug 2019

မန္တလေးဘဏ်ခွဲများ ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံသားများဘဏ်လီမိတတ်သည် မန္တလေးဘဏ်ခွဲ (၄၊ ၅၊ ၆၊ ၇) များကို (၁၁.၁၁.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီါ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များအား အသိပေးကြေညာအပ်ပါသည်။ ဖော်ပြပါ ဘဏ်ခွဲ(၄)ခု၏ လိပ်စာများမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(က) - မန္တလေးဘဏ်ခွဲ (၄)၊ အမှတ် (၃၀၅)၊ လမ်း (၈၀)၊ ၃၅x၃၆ လမ်းကြား၊ဟေမမာလာရပ်ကွက် (မြောက်)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(ခ) - မန္တလေးဘဏ်ခွဲ (၅)၊ အမှတ် (တ/၄-၃၁)၊ လမ်း (၆၂)၊ ငုပြာလမ်းနှင့် သဇင်လမ်းကြား၊ မြို့သစ် (၁)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(ဂ) - မန္တလေးဘဏ်ခွဲ (၆)၊ အမှတ် (၂၄)၊ (၆၂)ဘီလမ်း၊ ၈၆x၈၇ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(ဃ) - မန္တလေးဘဏ်ခွဲ (၇)၊ အမှတ် (၄၄၂)၊ လမ်း(၈၀)၊ ၂၇x၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ်ခွဲ (၄) ခုအား တစ်ပြိုင်တည်း ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဘဏ်ခွဲစုစုပေါင်း (၃၆)ခု ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် ဘဏ်များတိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ ငွေကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးလုံခြုံစိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတတ်မှုကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

Related News