မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် အသင့်နေထိုင်နိုင်သော လုံးချင်းအိမ်များ၊ တိုက်ခန်းများနှင့် ကွန်ဒိုမီနီယမ်များ မြေများအား လစဉ်အရစ်ကျစနစ်ဖြင့်ဝယ်ယူခြင်း၊ မိမိတို့ပိုင်ဆိုင်သောမြေတွင် အိမ်ဆောက်လိုသည်ဖြစ်စေ အိမ်အားပြန်လည်ပြုပြင်လိုသည်ဖြစ်စေ လွယ်ကူ အဆင်ပြေစွာ ဝယ်ယူ ပိုင်ဆိုင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးထားသော အိမ်ရာချေးငွေဖြစ်ပါသည်။
လုံးချင်းအိမ်များ
တိုက်ခန်းများ
ကွန်ဒိုမီနီယမ်များ
အိမ်တန်ဖိုး၏ (30%) ပေးချေရုံဖြင့် မိမိအိပ်မက်ထဲမှ အိမ်လေးအားပိုင်ဆိုင်နိုင်ပါသည်။
ကိုယ်ပိုင် အိမ်ခြံမြေအား ပိုင်ဆိုင်နေထိုင်နိုင်ကာ ရင်းနှီးမြုပ်နှံနိုင်သော အခွင့်အရေးအားရရှိနိုင်ပါသည်။
မိမိဝင်ငွေနှင့်အညီ အဆင်ပြေကိုက်ညီသော ချေငွေပမာဏအား ရွေးချယ်နိုင်ပါသည်။
မိမိတို့ပိုင်ဆိုင်သောမြေတွင် အိမ်ဆောက်လိုသည်ဖြစ်စေ အိမ်အားပြန်လည်ပြုပြင်လိုသည်ဖြစ်စေချေးငွေရယူနိုင်ပါသည်။
ချေးငွေကာလ အများဆုံး ၇နှစ် မှ ၁၅နှစ်အထိ ရွေးချယ်နိုင်ကာ လစဉ်အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပါသည်။
ဘဏ်၏ဝန်ဆောင်မှုဖြင့် စိတ်ချလုံခြုံစွာဖြင့် ဝယ်ယူနိုင်သော ဝန်ဆောင်မှုအား ရရှိနိုင်ပါသည်။
မိမိနှစ်သက်ရာအိမ်ယာကို မိသားစုဝင်များ နှင့်အတူပူးတွဲဝယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံသားများဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
တိုက်ခန်း/ကွန်ဒို | ၃၀ ရာခိုင်နှုန်း |
မြေနှင့် အဆောက်အဦ | ၃၀ ရာခိုင်နှုန်း |
အိမ်သစ်ဆောက်လုပ်ခြင်း/ လက်ရှိအိမ်ပြုပြင်မွမ်းမံခြင်း။ | ၄၀ ရာခိုင်နှုန်း |
မြေဝယ်ယူခြင်း | ၅၀ ရာခိုင်နှုန်း |
MCB Home Loan ရယူရန် နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်ပြီး အိမ်ရာချေးငွေနှင့်ပတ်သက်၍ လျှောက်ထားနိုင်သည့်ပမာဏ လိုအပ်သည့်စာရွက်စာတမ်းများ အစရှိသည်တို့အား အသေးစိတ်ဆွေးနွေးကာ ရယူလိုသောအိမ်ရာချေးငွေပမာဏကို ဖြည့်စွက်၍ ကနဦး အိမ်ရာချေးငွေလျှောက်ထားခြင်း (ဆွေးနွေး-လျှောက်ထား)
* ဖုန်းဖြင့်လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။
အိမ်ရာချေးငွေအတွက်လိုအပ်သော အချက်အလက်များ စုစည်းတင်ပြခြင်း၊ မိမိဝယ်ယူလိုသောအိမ်ရာအား ရွေးချယ်တင်ပြ ခြင်းနှင့် ဘဏ်မှ အတည်ပြုစစ်ဆေးခြင်း (တင်ပြ-စစ်ဆေး)
ရောင်းချသူ နှင့် ဝယ်ယူသူ နှစ်ဦး နှစ်ဖက် အရောင်းအဝယ် သဘောတူညီပြီးစာရွက်စာတမ်းပြည့်စုံပါက ဘဏ်တွင်လာရောက် ချေးငွေလျှောက်ထားခြင်း (နှစ်ဦး နှစ်ဖက်သဘောတူပါက -လျှောက်ထား)
လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်းစည်းကမ်းများကိုက်ညီပါက ဘဏ်မှတာဝန်ရှိသူမှ ရက်သတ္တပတ် (၂)ပတ်မှ (၁)လ အတွင်း ချေးငွေခွင့်ပြုချက်ရရှိကာ အိမ်ရာချေးငွေရယူခြင်း (အိမ်ရာချေးငွေ ရယူ)
အိမ်ရာ ချေးငွေစာချူပ်စာတမ်းများတွင် လက်မှတ်ရေးထိုးခြင်း၊ ကနဦးပေးသွင်းငွေနှင့် ဝန်ဆောင်ခတို့ကို ဘဏ်သို့ပေးသွင်းခြင်း (စာချူပ် လက်မှတ်ထိုး)
We’ll be more than happy to answer any concer you may have.
We’ll be more than happy to answer any concer you may have.